ပဲခူး ဇန်နဝါရီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ အောင်ပွဲ အခမ်းအနားအား ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်း ဓမ္မာရုံ၌ စတုတ္ထအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်ပွဲ အောင်ပွဲအခမ်းအနားအား “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်အပေါင်းကရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဖြစ်တော်မူသော နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ ပဓာန နာယက ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ …
Read More »