ပဲခူး ဖေဖော်ဝါရီ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ် ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတို့က ပြင်ဆင်မွမ်းမံပြီးစီးခဲ့သည့် မိုးယွန်းကြီးအင်း ပညာပေးပြခန်း ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မိုးယွန်းကြီးအင်းအတွင်း နေထိုင်ကျက်စားသည့် တောရိုင်းတိရစ္ဆာန်ပုံသွင်းရုပ်လုံး များ၊ ဆေးစိမ်ရုပ်ကြွင်းများနှင့် Flyway Network Site (ငှက်ပျံသန်းမှု လမ်းကြောင်းဒေသ) မြေပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ၂၀၂၅ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website