Home / 2025 / February / 06

Daily Archives: February 6, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၆          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းအဆင့် ဌာနဆိုင်ရာများအနေဖြင့် လစဉ်အစီရင်ခံစာတွင် ယခင်လနှင့် ယခုလ တိုးတက်မှုနှိုင်းယှဉ်ချက်များနှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်မှန်ကန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ဌာနဆိုင်ရာအလိုက် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး ရေး ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များ အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လစဉ်ဟန်ချက်ညီညီ တိုးတက်လာစေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဖေဖော်ဝါရီ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအနီး ဇောင်းတူရေသောက်စနစ်၊ လက်တံ(၂)တူးမြောင်း၌ ရေဒလက်(Water Wheel) တပ်ဆင်၍ ကုန်းမြင့်နေရာရှိ နွေစပါးဧက(၂၀) ရေတင်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးလျော့ချ သုံးစွဲနိုင်ရေး မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း (၁၁၀၀)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသ ကြက်နှင့် ဒေသဝက်အား ခြံလှောင်စနစ်ဖြင့် တိုးချဲ့ မွေးမြူရန်နှင့် ကုန်ထုတ်လမ်းတစ်လျှောက် အရိပ်ရပြီး စားသုံးနိုင်သည့် သီးပင်စားပင်များ …

Read More »