ပဲခူး ဖေဖော်ဝါရီ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသ ဖြစ်ကာ မရှိမဖြစ်အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲအမျိုးအမျိုးအား ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို ချီးကျူးဂုဏ်ပြုပေးနိုင်ရေးနှင့် တက်ရောက်လာသည့် အခြားတောင်သူများကိုလည်း မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ်၏ အရေးပါပုံ များ၏ အတွေ့အကြုံကောင်းများကို တောင်သူအချင်းချင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း …
Read More »