Home / 2025 / February / 15

Daily Archives: February 15, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေး

သာယာဝတီ ဖေဖော်ဝါရီ ၁၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူ လယ်သမားသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ ခေတ်မီနည်းစနစ်များကို သုံးစွဲမှသာ အထွက်နှုန်းတိုးပြီး လေလွင့်မှုလျော့နည်းသက်သာ မှာဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်မှာ ပန်းတိုင်အထွက်နှု်နး ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး အတွက် ဒေသကြက်၊ ဒေသဝက်၊ ဒေသဆိတ်နှင့် ဒေသနွားများအား တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် အထိ တိုးချဲ့မွေးမြူသွားရမှာဖြစ်ကြောင်း၊ …

Read More »