ပြည် ဖေဖော်ဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ဦးအောင်အောင် ၏ “ဒေါ်လာ”မြေပဲဆီသန့် လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး ဆီစက်အား ဆိုလာစနစ်ဖြင့် လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆီထွက်နှုန်းတိုးတက်စေရေးနှင့် ဒေသတွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်-အောင်လံကားလမ်း မိုင်တိုင်အမှတ် (၁၀၃/၇)မှ ပြည်-ပေါက်ခေါင်းသွားကားလမ်း(၃/၇)အထိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဇုန် ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး လမ်းဧရိယာ ဝဲ/ယာရှိ စိုက်ပျိုးမြေများ ထိခိုက်မှုမရှိစေရေးနှင့် …
Read More »