ပြည် ဖေဖော်ဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ၂၀၂၄- ၂၀၂၅ ခုနှစ်၊ ဆောင်းနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နေကြာမျိုးတစ်ဦးချင်းအလိုက် အပွင့်အရွယ်အစား၊ အစေ့အဆံ အောင်မြင်မှုနှုန်း၊ အပင်သက်တမ်း၊ မျိုး ပြန်လည်ရရှိနိုင်မှုနှင့် အထွက်တင်းများအား စနစ်တကျ မှတ်တမ်းတင်ရန်၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဖြစ်၍ ဒေသခံနေကြာစိုက်တောင်သူများအား ခေါ်ယူပြသအသိပညာပေးရန်နှင့် နေကြာနှင့်အတူ တွဲဘက်စိုက်ပျိုး နိုင်သည့် သီးနှံများလည်း စိုက်ပျိုးပြသသွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် ရွှေတောင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူ တစ်ဦး ရွှေတောင်မြို့ကမ်းပြိုကာကွယ်ရေးအတွက် ဧရာဝတီမြစ်အတွင်း …
Read More »Daily Archives: February 18, 2025
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း ဖေဖော်ဝါရီ ၁၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀/၂၀၂၅) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ သင်တန်းကျောင်းမှ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး
ရွှေတောင် ဖေဖော်ဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့၊ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ ဆေးရုံတက်ရောက်ကုသနေသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမှတ်(၆)တပ်မတော်ဆေးရုံ(ကုတင်-၁၀၀)၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားခဲ့ပြီး ဆေးရုံ တက်ရောက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
Read More »အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် နေရပ်စွန့်ခွာပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဖေဖော်ဝါရီ ၁၅ ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ အကြမ်းဖက် ဖြစ်စဉ်များ ကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွါ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအား အားပေးအမှာစကား ပြောကြား ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေ သည့် ယာယီနေရပ်စွန့်ခွာနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လငွေကျပ် (၂)သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ပြည်ခရိုင် အတွင်း …
Read More »