Home / 2025 / February / 20

Daily Archives: February 20, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့

တောင်ငူ ဖေဖော်ဝါရီ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် လေးကျွန်းမင်္ဂလာကန်တော်ကြီး ဘက်စုံအဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အများပြည်သူ အပန်းဖြေနိုင်ရန်၊ ပန်းအလှပင်များ စိုက်ပျိုးသွားရန်၊ အရိပ်ရအပင်များအောက်တွင် ထိုင်ခုံများ ထပ်မံ တပ်ဆင်ရန်၊ အတွင်းကန်ပတ်လမ်းအား ပြန်လည်ဖော်ထုတ်သွားရန်၊ ပန်းခြံအတွင်း မီးတိုင်များ ပြန်လည်စစ်ဆေးရန်နှင့် စိမ်းလန်းစိုပြေ သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးလှိုင်းလမ်းဘေး အများပြည်သူ အပန်းဖြေနေရာတစ်ခုအဖြစ် ဖော်ထုတ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ဒီဇိုင်းပုံစံအတိုင်း အပိုင်းလိုက်ဆောင်ရွက်သွားရန်နှင့် ယာဉ်ရပ်နားရန်နေရာအား မြေဖို့ခြင်းလုပ်ငန်း …

Read More »