Home / 2025 / February / 23

Daily Archives: February 23, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုး ထုတ်လုပ်တိုးတက်စေရေး နည်းပညာပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တက်ရောက်ခဲ့

ပဲခူး ဖေဖော်ဝါရီ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ရှိ ဟင်းသီး ဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး နည်းပညာပြပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး နည်းပညာပြပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်လာသည့် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် ရရှိလာသည့် စိုက်ပျိုးနည်းပညာများအား ဒေသခံတောင်သူများအား ပြန်လည်ဖြန့်ဝေပေးသွားနိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ကောင်းမွန် ပြည့်စုံစေရေး ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများ၊ …

Read More »