ပဲခူး ဖေဖော်ဝါရီ ၂၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သည် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုများရရှိ စေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၃)နည်းတွင် မသန်စွမ်းအားကစားသမားများအပါအဝင် ရွှေတံဆိပ်(၂၆)ခု၊ ငွေတံဆိပ် (၄၀)ခုနှင့် ကြေးတံဆိပ်(၇၀)ခု ရရှိခဲ့သည့်အတွက် ယခုလိုထိုက်တန်စွာဂုဏ်ပြုပွဲ ကျင်းပပေးရခြင်းဖြစ် …
Read More »