ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်းများ၊ တောင်သူသရုပ်ပြ ခြံလှောင်စနစ်ဖြင့် ဒေသကြက်၊ ဘဲ၊ ဝက်၊ ဆိတ် မွေးမြူရေးခြံများ တည်ဆောက်နေမှု၊ တိရစ္ဆာန် အစာအဖြစ် အစ္စရေးမြက်ချို(တီကူယံ)နှင့် နေဗီယာမြက် စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသော မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများဖြစ်သည့် စပါး၊ နေကြာ၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး …
Read More »