ပဲခူး ဧပြီ ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဧပြီလ(၁)၊ မွန်းလွဲပိုင်း အချိန်က မတ်လ(၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်အချိန်တွင် ပြင်အား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ သည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏အလံအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက် လျော့ချလွှင့်ထူခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မြေငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး တစ်ပြိုင်တည်း ဥဩဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website