ပဲခူး ဧပြီ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဧပြီလ(၁၀) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး စက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံများ Solar System သုံးစွဲနိုင်ရေး စည်းရုံး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အငယ်စား၊ အသေးစား၊ အလတ်စား Solar စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ဆောက်ဖြန့်ဖြူးနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ် သလို စိုက်ပျိုးရေးအတွက် ဓါတ်မြေဩဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဘက်စုံ၊ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးနှင့် …
Read More »Daily Archives: April 10, 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိ
ပဲခူး ဧပြီ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမသို့ ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ဧပြီလ(၉)ရက်နေ့တွင် Hansae Bago Co., Ltd မှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) တန်ဖိုးရှိ အဝတ်အထည်များနှင့် သီးခြားအလှူငွေကျပ်သိန်း (၁၀၀၀)နှင့် ဧပြီလ(၁၀)ရက်နေ့တွင် ဂမုန်းပွင့်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း(၁၀၀၀)၊ မော်ကွန်းရွှေကုမ္ပဏီ + Healthy First Organic Group မှ ငွေကျပ်သိန်း(၁၁၀) တို့အားပေးအပ် လှူဒါန်းခဲ့ရာ ဂုဏ်ပြု …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website