Home / 2025 / April / 12

Daily Archives: April 12, 2025

ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ပဲခူး ဧပြီ ၁၂ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ဧပြီ ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ မကျီးကွင်းကျေးရွာ အုပ်စု၌ နွေနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်သူများအနေဖြင့် တစ်နှစ်(၂)သီးသာ စိုက်ပျိုးပြီး လှပ်ထားသည့် လယ်ယာမြေများတွင် နောက်ထပ်တစ်သီး ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသနှင့်ကိုက်ညီသည့် သီးနှံရွေးချယ်စိုက်ပျိုးရေး ကွင်းဆင်းသရုပ်ပြစိုက်ပျိုးပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေါ်နေခြည်ဝင်း၏ ငွေနှင်းမှိုစိုက်ပျိုးရေးခြံသို့ ရောက်ရှိခဲ့ရာ ငွေနှုင်းမှိုစိုက်ပျိုးမှု အဆင့်ဆင့်နှင့် ဈေးကွက်ရရှိမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြောကြားခဲ့ပြီး သဘာဝမြေဆွေး၊ ဗေဒါရိုးနှင့်ကတ္ထူစက္ကူသာအသုံးပြု၍ကောက်ရိုးမှိုစိုက်ပျိုးခြင်းအား ကြည့်ရှုခဲ့ပြီး …

Read More »

သာယာဝတီခရိုင်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုကြောင့်  သီးနှံစိုက်ဧကများ ပျက်စီးဆုံးရှုံးမှု အပေါ် ပြန်လည်စိုက်ပျိုး ပြီးစီးနိုင်ခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီ ဧပြီ ၁၂             သာယာဝတီမြို့၊ ဆရာစံလမ်းမ၌ ဧပြီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးပြီးစီးခဲ့သည့် မိုးစပါး စိုက်ဧကများအတွက် သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရာဂီမုန်တိုင်းမတိုင်မီ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် မြို့နယ်(၂၅) မြို့နယ်တွင် သီးနှံစိုက်ဧက (၄)သိန်း(၉)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး မိုးစပါး (၈၂၁၆၉)ဧက အပါအဝင် သီးနှံဧက (၁)သိန်း(၂)သောင်းကျော် ပျက်စီးခဲ့ရာ သာယာဝတီခရိုင်သည် မိုးစပါး(၅၅၁၆၆)ဧကဖြင့် အများဆုံး ပျက်စီးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပျက်စီးခဲ့သည့် မိုးစပါးဧကများကို အရန်ပျိုးခင်းများမှ ပျိုးပင်များဖြင့် စိုက်ပျိုးခြင်း၊ ရေကြီးနစ်မြှုပ်ခြင်းမရှိသည့် သက်တမ်းတူ မျိုးတူစပါးခင်းများမှ ဖာထေးစိုက်ပျိုးခြင်း၊ သားတက်ပွား စိုက်ပျိုးခြင်း၊ သက်တမ်းတိုစပါးမျိုး …

Read More »