ပဲခူး ဧပြီ ၁၄ ပဲခူးမြို့၌ နှစ်စဉ်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း မတ်လ(၂၈)ရက်နေ့ တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ယခုနှစ်တွင် အပျော်အပါး၊ သီဆိုကခုန်မှုများမပါဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား ရွှေမော်ဓော ဘုရားလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ပဲခူးမြို့၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် ပွဲတော် ရေအေးသင်္ကြန်ကျင်းပနေမှုနှင့် စတုဒီသာမဏ္ဍပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုသနပ်ခါးပွဲတော် မဏ္ဍပ်များအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ သပြေခတ်နှင့်ရေပက်ဖျန်းပြီး အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)ပွဲတော်အား ပါဝင်ဆင်နွဲခဲ့ကြသည်။ ၎င်းနော က် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် …
Read More »Daily Archives: April 14, 2025
သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သာယာဝတီ ဧပြီ ၁၄ သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———-
Read More »