Home / 2025 / April / 20

Daily Archives: April 20, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့

ပဲခူး ဧပြီ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၉)ရက်နေ့ ၊ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ တတိယမြောက်နေ့ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ သီလရှင်ဆရာကြီး/ဆရာလေးများ တရားတော်နာယူကြည်ညိုခဲ့ကြသည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် အား “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာ စရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးက “အဆုံးသတ်သုံးမျိုး” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး …

Read More »