ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ရေးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ကြီးစုတာအား တာပုံစံကျပြုပြင်ခြင်းနှင့် ၁၆ ပေအကျယ် ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား တာပုံစံကျပြုပြင် ခြင်း၊ မူလမ်းရှိ ဂဝံများ ပြန်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရေဘေး ကာကွယ်ရေးတာ တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။ …
Read More »