Home / 2025 / April / 25

Daily Archives: April 25, 2025

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်

ပဲခူး ဧပြီ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၅)ရက်နေ့၊ နံနက် ပိုင်း တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အား အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေ သည့် တိုင်းဒေသကြီးအတွင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ဆန်အပါအဝင် စာသုံးကုန်(၇)မျိုးကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူ့လူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပံ့ပိုးမှု များရှိခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ထပ်မံပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ရာသီအမီ ယာယီစာသင်ဆောင်များ တည်ဆောက်ပြီးစီးရန် လိုအပ်ပြီး ကျန်ရှိသည့်စာသင်ဆောင်များကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ရ မှာဖြစ်သလို သက်ဆိုင်ရာဌာနများမှ ပြည်ထောင်စုမှ ဆောင်ရွက်မည့် အပိုင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့်အပိုင်းများကို ခွဲခြားတင်ပြပေးရမှာဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများအား …

Read More »