ပဲခူး ဧပြီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေ မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်း တံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်း မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့် ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးကောင်း တံခါးပေါက်ရှိ ကျုံးကူးတံတားသည် ပဲခူးမြို့အတွင်းရှိ အဓိကရေထွက်ပေါက်တစ်ခုဖြစ်၍ မိုးရာသီ မရောက်မီ ဗေဒါပင်များ ဆယ်ယူခြင်း၊ ရေလမ်းကြောင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် မြို့ရိုး ဖော်ထုတ် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦဖြစ်နိုင်သည်ကို အတည်ပြုရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီမြို့ရိုး အရှေ့ဘက်ရှိ တောင်ငူတံခါး နှင့် …
Read More »