ပဲခူး ဧပြီ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့က လှုပ်ခတ် ခဲ့ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း/ တံတားများ၊ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားစေတီပုထိုးများစွာ ထိခိုက်ပျက်စီး ခဲ့ရကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများကို ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထူး အဆောက်အဦဟူ၍ (၃)မျိုးခွဲခြား စာရင်းကောက်ယူသွားရမှာဖြစ်ကာ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အဆောက် အဦများအား မြေပြင်ကွင်းဆင်း စစ်ဆေးစာရင်းကောက်ယူရာတွင် အပြာရောင် အဆင့်သတ်မှတ်သော လူနေထိုင်၍ရပြီး …
Read More »