Home / 2025 / April (page 5)

Monthly Archives: April 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိ

ပဲခူး ဧပြီ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမသို့ ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ ဧပြီလ(၉)ရက်နေ့တွင် Hansae Bago Co., Ltd မှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) တန်ဖိုးရှိ အဝတ်အထည်များနှင့် သီးခြားအလှူငွေကျပ်သိန်း (၁၀၀၀)နှင့် ဧပြီလ(၁၀)ရက်နေ့တွင် ဂမုန်းပွင့်ကုမ္ပဏီမှ အလှူငွေကျပ် သိန်း(၁၀၀၀)၊ မော်ကွန်းရွှေကုမ္ပဏီ + Healthy First Organic Group မှ ငွေကျပ်သိန်း(၁၁၀) တို့အားပေးအပ် လှူဒါန်းခဲ့ရာ ဂုဏ်ပြု …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလ(၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း(၁၁)ရက်။ နံနက်ပိုင်းအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ငါးကြင်းရွှေဝါ၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား ကျုံးရေပြင်အတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးမှ မြေငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

ပဲခူး ဧပြီ ၄           မြေငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူ ဒါန်းခြင်းကို ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိမိတို့ပဲခူးတိုင်းဒေသကြီးတွင်လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ တိုင်းဒေသကြီးအတွင်း ငလျင် ဒဏ်ခံစားခဲ့ရသည့် ဒေသများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပြိုကျခဲ့သည့် အဆောက်အဦများသည် ယခင် အဆောက်အဦ အဟောင်းများဖြစ်ကာ ငလျင်ဒဏ်ခံ စံနှုန်းများနှင့်ကိုက်ညီမှုမရှိဘဲ သမားရိုးကျ ဆောက်လုပ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅) ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများ မြင့်မားစေရန် ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ရှိနေသော ခရီးသွားနေရာများ ကိုထိန်းသိမ်းပြီးကြော်ငြာမြှင့်တင်သွားရန်နှင့် ခရီးသွားနေရာအသစ်များ ရှာဖွေဖော်ထုတ်သွားကာ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ၏ စိတ်ကျေနပ်မှုရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားပြပွဲများတွင် တိုင်းဒေသကြီး၏ ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များကို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဧပြီလ(၁)၊ မွန်းလွဲပိုင်း အချိန်က မတ်လ(၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်အချိန်တွင် ပြင်အား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ သည်။           ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏အလံအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက် လျော့ချလွှင့်ထူခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မြေငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး တစ်ပြိုင်တည်း ဥဩဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ …

Read More »