Home / 2025 / August / 05

Daily Archives: August 5, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ်ကူးတံတား သို့ရောက်ရှိခဲ့ပြီး ပဲခူးမြစ်အား ရေစီးရေလာကောင်းမွန်စေရေး ရေထွက်ပေါက်များ ပြန်လည်စိစစ်ရန်၊ ပဲခူး မြစ်ကူးတံတားကြီး၏ ဘေးဝဲယာ ကျောက်စီခြင်းနှင့် မြစ်ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ဖွင့်လှစ်ထားသည့် MSME ဒေသထွက်ကုန်အရောင်းစင်တာသို့ ရောက်ရှိခဲ့ပြီး မူရင်းဒေသထွက်ကုန်ပစ္စည်း များ ပြန်လည်ဖြည့်တင်းရောင်းချသွားရန်နှင့် မြို့နယ်အလိုက်မှ ထပ်မံထုတ်လျက်ရှိသည့် အမယ်သစ် ဒေသထွက်ကုန်များ ရှာဖွေဖော်ထုတ်ခြင်း၊ ဈေးကွက်ရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား …

Read More »