Home / 2025 / August / 07

Daily Archives: August 7, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး

တောင်ငူ ဩဂုတ် ၇              ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဒေသထွက်ကုန်ကြမ်းပစ္ဆည်းများဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ရွှေပြည်အေးကျေးရွာ၌ ဦးဉာဏ်ဝင်း၏ တန်(၁၀၀)ကျ ပျော့ဖတ်စက်ရုံနှင့် စက္ကူအဖြူစက်ရုံ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဝါး/ကောက်ရိုးပျော့ဖတ်ဖြင့်လည်း စက္ကူထုတ်လုပ်သွားရန်၊ ပြည်တွင်း၌ ပြည်ပသွင်းကုန်အစားထိုး ဘက်စုံသုံးစက္ကူချောများ လျင်မြန်စွာ ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံအမြန်ဆုံး လည်ပတ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။               ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ်(၁၇၄/၄)မှ (၁၇၄/၆)ကြား ပျက်စီးနေသည့် လမ်းပိုင်းပေ(၆၀၀)အား (၄၈)ပေအကျယ်၊ (၁)ပေအမြင့် လမ်းအဆင့်မြှင့်တင်ကွန်ကရစ်ခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ဒိုက်ဦး ဩဂုတ် ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊  လခုပ်ကွင်း ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကြည်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀၀) ဒုတိယအကြိမ် ထပ်မံမွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းကြက်သည် ဒေသတွင်းမှထွက်ရှိသည့် အစာဖြင့်မွေးမြူနိုင်ခြင်း၊ ရာသီဥတု ရောဂါမိုးမွားဒဏ်ခံနိုင်ခြင်း၊ ပြည်တွင်းစျေးကွက်ခိုင်မာခြင်းနှင့် မွေးမြူရလွယ်ကူခြင်းတို့ကြောင့် တိုင်ရင်းကြက် မွေးမြူသူ အစုအဖွဲ့များဖွဲ့စည်း၍ ဆက်လက်တိုးချဲ့မွေးမြူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လခုပ်ကွင်းကျေးရွာ၌ ယခင်က သီးနှံစိုက်ပျိုးနိုင် ခဲ့ခြင်းမရှိသည့် …

Read More »