တောင်ငူ ဩဂုတ် ၈ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဆိုင်ရာအမွေအနှစ်များ ပြန်လည် ဖော်ထုတ်ထိန်းသိမ်းရာတွင် မူလနေရာ မှန်ကန်ရန်နှင့် မူလအဆောက်အဦပုံစံများ ထပ်ထူကျရန်လိုအပ် မှာဖြစ်၍ ပထမအဆင့်အနေဖြင့် တူးဖော်ရေးနှင့် သုတေသနပြုရေးသည် အလွန်အရေးကြီးပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုံအလိုက် နယ်နိမိတ်သတ်မှတ်ချက်များ အများပြည်သူသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တူးဖော်ရရှိလာမည့် ရှေးဟောင်းပစ္စည်းများအပေါ် ခေတ်အလိုက် ခွဲခြား ၍ မှတ်တမ်းတင် ထိန်းသိမ်းသွားရမှာဖြစ်ကြောင်း၊ မြို့ရိုးပေါ်ရှိ အဆောက်အဦများနှင့် ခြုံနွယ်သစ်ပင်များ ကို ရှင်းလင်းခြင်းအပြင် မြို့ရိုးများအား တစ်ဆက်တစပ်တည်း တူးဖော်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင် ရွက်သွားရန်နှင့် …
Read More »