ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့၏ မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ နှစ်အလိုက် ချမှတ်ထားသည့် စီမံချက်များ အပေါ် သတ်မှတ်ရာခိုင်နှိုင်းအတိုင်း တိုးတက်မှုရရှိရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ် အလိုက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ နို့ ဖူလုံမှုရှိစေရေး …
Read More »