ပဲခူး ဩဂုတ် ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူတိုင်း သက်ရှည်ကျန်းမာ ပြီး ရောဂါဘယကင်းရှင်းရေးအတွက် အာဟာရပြည့်ဝမျှတဖို့သည် အဓိကအခြေခံကျသည့် လိုအပ်ချက် ဖြစ်ကြောင်း၊ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးပြဿနာ အတော်များများ၏ အခြေခံအကြောင်း အရင်းဖြစ်ပြီ လူတိုင်း အာဟာရပြည့်ဝမျှတမှသာ သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်သွားနိုင်မှာဖြစ် ကြောင်း၊ ဩဂုတ်လအတွင်း “မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး”၊ “ငါးနှစ်အောက်ကလေးများနှင့် ကျောင်း သားလူငယ်များ အာဟာရဖွံ့ဖြိုးရေး”၊ “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး”နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website