Home / 2025 / August / 19

Daily Archives: August 19, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ ၁၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ ငါးတန်ငါးမျိုး ကောင်ရေ(၂)သိန်းနှင့် ဥစားဘဲကောင်ရေ(၁၁၀၀) မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကိုယ်တိုင် သားဖောက်မွေးမြူရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအခြေပြု၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အသားစားဘဲမွေးမြူရေးလုပ်ငန်းလည်း တိုးချဲ့ဆေင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပီထရိန်းအမျိုးအစား အသားတိုးဝက် ကောင်ရေ(၇၀)နှင့် DYL အမျိုးအသား မျိုးဝက်မ ကောင်ရေ(၂၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။               …

Read More »