ပဲခူး ဩဂုတ် ၂၀ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ဒုံးအကဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တို့က ကရင် တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအား ဖားစည်(၉)ချက်တီး၍ ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဓလေ့ထုံးတမ်းများ မတူညီကြသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် ရှေးယခင်ကတည်းက အတူတကွ ချစ်ကြည်ရင်နှီးစွာ နေထိုင်လာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာအရ ဝါခေါင်လရောက်သည့် အချိန်တွင် မိသားစုများ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website