Home / 2025 / August / 22

Daily Archives: August 22, 2025

ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၂၂           ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ မိုးလုံလေလုံအားကစားရုံ၌ ဩဂုတ်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး‌ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသမီးအားကစားအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အသင်းလိုက်(၉)ဦးပြိုင်ပွဲ၊ အသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် တစ်ဦးချင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိ သော ဇီးကုန်းမြို့နယ်၊ ဒုတိယရရှိသော ရွှေတောင်မြို့နယ်နှင့် …

Read More »