Home / 2025 / August / 23

Daily Archives: August 23, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိ ရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်း နေမှုများအား ကွင်းဆင်းကြည့်ရှု

တောင်ငူ ဩဂုတ် ၂၃              ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန် နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အုတ်တွင်း မြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးအကွက်ကျယ် စံပြစိုက်ခင်း ဧက(၃၀၀) ပေါင်းလိုက်၊ သမန်းနှိုး၊မြေဩဇာကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ သွင်းအားစုသုံးစွဲမှုလျော့ကျစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) စိုက်ပျိုးရန်၊ ဒေသကျွဲနွားများ ပြုန်းတီး မှုမရှိစေရေး ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူရန်၊ ရေသွင်းရေထုတ်မြောင်းများ ရေရှည်ကောင်းမွန်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက မိုးစပါးစိုက်တောင်သူများထံ သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ …

Read More »