သာယာဝတီ ဩဂုတ် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ ဆရာစံမြို့သစ်၊ အလယ်ကုန်းရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတေး၏ နို့စားနွားကောင်ရေ (၅၀) အောင်မြင်စွာမွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်နွားနို့များ လေလွင့်မှု မရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး နို့ပေါင်းစက်နှင့် အအေးပေးစက်များထားရှိရန်၊ ခြံလှောင် မွေးမြူမှုစနစ်မှရရှိလာသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်ရန််၊ ထွက်ရှိလာ သည့် နွားနို့များအား ကုန်ကြမ်းအဆင့်အဖြစ် မရောင်းချပဲ တန်ဖိုးမြှင့်နို့ထွက်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် နေဗီယာမြက်တိုးချဲ့စိုက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် …
Read More »