ပဲခူး ဩဂုတ် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ တိုင်းရင်းငါးမျိုး ငါးခူဆေးထိုး သားဖောက်ခြင်းနှင့် ပတ်ဝန်းကျင်သဟဇာတဖြစ်သည့် ရေငန်ပုစွန်မွေးမြူခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ နှစ်စဉ်ငါး ပိဿာထောင်ပေါင်း(၂၉၀၀၀၀)ကျော် ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစားသုံးမှုသာမက အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးတင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးအခြေခံတန်ဖိုးမြှင့် MSME ထုတ်ကုန် အများအပြားထုတ်လုပ် လျက်ရှိရာ ငါးသယံဇာတပြုန်းတီးလျော့နည်းမှုမရှိစေရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ရေချိုတိုင်းရင်း ငါးမျိုးအား သဘာဝသားဖောက်ခြင်း ထက် အလျင်အမြန်တိုးပွားလာနိုင်ရေး သိပ္ပံနည်းကျဆေးထိုးသားဖောက်ပြုစုမွေးမြူ၍ ပြန်လည်ဖြည့်တင်း ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် တိုင်းရင်းငါးမျိုးများအား မွေးမြူရေးလုပ်ငန်းရှင်များ၊ ပဲခူးတက္ကသိုလ် သတ္တဗေဒအထူးပြု ကျောင်းသား/သူများ၊ ဌာနတွင်းဝန်ထမ်းများအနေဖြင့် သားဖောက်မွေးမြူပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ …
Read More »