ဒိုက်ဦး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထွက်ကုန် တိုးတက်မြင့်မာစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ လခုပ်ကွင်း ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကြည်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀၀) ဒုတိယအကြိမ် ထပ်မံမွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းကြက်သည် ဒေသတွင်းမှထွက်ရှိသည့် အစာဖြင့်မွေးမြူနိုင်ခြင်း၊ ရာသီဥတု ရောဂါမိုးမွားဒဏ်ခံနိုင်ခြင်း၊ ပြည်တွင်းစျေးကွက်ခိုင်မာခြင်းနှင့် မွေးမြူရလွယ်ကူခြင်းတို့ကြောင့် တိုင်ရင်းကြက် မွေးမြူသူ အစုအဖွဲ့များဖွဲ့စည်း၍ ဆက်လက်တိုးချဲ့မွေးမြူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လခုပ်ကွင်းကျေးရွာ၌ ယခင်က သီးနှံစိုက်ပျိုးနိုင် ခဲ့ခြင်းမရှိသည့် …
Read More »Monthly Archives: August 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဩဂုတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဩဂုတ်လ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ်ကူးတံတား သို့ရောက်ရှိခဲ့ပြီး ပဲခူးမြစ်အား ရေစီးရေလာကောင်းမွန်စေရေး ရေထွက်ပေါက်များ ပြန်လည်စိစစ်ရန်၊ ပဲခူး မြစ်ကူးတံတားကြီး၏ ဘေးဝဲယာ ကျောက်စီခြင်းနှင့် မြစ်ကမ်းထိန်းသစ်ပင်များ စိုက်ပျိုးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ဖွင့်လှစ်ထားသည့် MSME ဒေသထွက်ကုန်အရောင်းစင်တာသို့ ရောက်ရှိခဲ့ပြီး မူရင်းဒေသထွက်ကုန်ပစ္စည်း များ ပြန်လည်ဖြည့်တင်းရောင်းချသွားရန်နှင့် မြို့နယ်အလိုက်မှ ထပ်မံထုတ်လျက်ရှိသည့် အမယ်သစ် ဒေသထွက်ကုန်များ ရှာဖွေဖော်ထုတ်ခြင်း၊ ဈေးကွက်ရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် လ (၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြု လုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၂/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍတွင် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံးစက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့ လက်တွေ့ပို့ချသင်ကြားပေးခြင်းဖြင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာနိုင်ပြီး လူသားအရင်းအမြစ် …
Read More »