ကဝ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတား တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့(၉) တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြု သွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချည်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website