ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်တို့သည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ဈေးပိုင်းရပ်ကွက်၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ)၊ တောင်ဘက်ကမ်းရပ်ကွက်၊ အခြေခံပညာအထက် တန်းကျောင်း၊ ကမာစဲစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကဝမြို့၊ ရုံးကြီးရပ်ကွက် မဲရုံနှင့် အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအသီးသီးတို့တွင် ဒေသခံ ပြည်သူများ ဆန္ဒမဲလာရောက် မဲပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲရုံများအလိုက် MEVM မဲပေးစက်များနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက နည်းပညာအထောက်အကူပြုအဖွဲ့ များမှ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website