Home / 2026 / January / 13

Daily Archives: January 13, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ် မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၃           ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူငယ် များအတွက် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသအသီးသီးမှတိုင်းရင်းသား လူငယ်များအား ကိတ်မုန့်နှင့်ပေါင်မုန့်အမျိုးမျိုးအား သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော မုန့်လုပ်နည်းစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်ထိ တတ်ကျွမ်းအောင် သင်ကြားပေးသွားမှာဖြစ် ၍ သင်တန်းသား/သူများနေဖြင့် စနစ်တကျသင်ယူသွားရမှာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိမိတို့အတွက်လည်း ဝင်ငွေရရှိသလို မိမိတို့တိုင်းရင်းသားပြည်သူများအနေ ဖြင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲသွားနိုင်မှာဖြစ်ကြောင်း၊ ကိတ်မုန့်နှင့်ပေါင်မုန့် အမျိုးမျိုးပြုလုပ်ခြင်းကို အခြေခံကနေစပြီးသင်ကြားပေးသွားမှာဖြစ်ကာ မိမိတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်နိုင်မှုစွမ်းအားကို အသုံးချပြီး ပြည်တွင်းစားသောက်ကုန်အဆင့်သာမက ပြည်ပပို့ကုန်အဆင့်ထိ ရည်မှန်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းရင်းသား သင်တန်းသား/သူများအနေဖြင့် …

Read More »