ပဲခူး ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၅)၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အပိုင်း(၁)နှင့်အပိုင်း (၂)ကို အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအခါ နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း(၃)တွင် (၈)မြို့နယ်အား အောင်မြင်စွာ ဆက်လက်ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်များ ပြန်လည်စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းများ ကြိုတင်ပြင်ဆင်ထားရန်နှင့် သက်ဆိုင်ရာ မဲရုံများအလိုက် မဲပေးစက်များ အချိန်မီရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲ လာရောက်ပေးသူ များ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website