Home / 2026 / January / 20

Daily Archives: January 20, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဒီဇင်ဘာ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးသို့ သွားရောက်၍ တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်း အဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တတိယအကြိမ် ပဲခူးတိုင်းဒသကြီး လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပမည့် ပင်မအစည်းအဝေးခန်းမ၊ ရေးရာကော်မတီ ရုံးခန်းများ၊ Control Room ပြင်ဆင်ထားမှု၊ Mini Meeting Room နှင့် သင်တန်းခန်းမတို့အား  လှည့်လည်ကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမ အကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် MSME ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသလို ခရိုင်အလိုက်ဒေသထွက်ကုန် အရောင်းစင်တာများဖွင့်လှစ်၍ ဈေးကွက်ရှာဖွေ ခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ကျယ်ပြန့်စွာရရှိရေး မကြာမီ နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ဒေသထုတ်ကုန်များ၊ စားသုံးကုန်များ၊ လယ်ယာစက်ပစ္စည်းထုတ်ကုန် များကို အဆင့်အတန်းမီမီ ခင်းကျင်းပြသရောင်းချနိုင်ရေး အားလုံးကြိုးစားသွားကြစေလိုကြောင်း၊ ဒေသ တွင်းရှိ ရိုးရာလက်မှုလုပ်ငန်းများကို အဆင့်အတန်းမီမီ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်း များတပ်ဆင်ပေးရန် …

Read More »