Home / 2026 / January / 23

Daily Archives: January 23, 2026

ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၃)၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း (၂)ကို အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး နောက်ဆုံးအပိုင်းဖြစ်သည့် အပိုင်း(၃)တွင် (၈)မြို့နယ်ကိုလည်း အောင်မြင်စွာ ဆက်လက် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ဆောင်ရွက်ပြီးပါက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၂၈)မြို့နယ်လုံးတွင် ကျင်းပပြီးစီး သွားမှာဖြစ်ကြောင်း၊ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူပို့ဆောင်ရေးတွင် သတ်မှတ်နည်းလမ်းများ အတိုင်း စနစ်တကျ သယ်ယူပို့ဆောင်သွားရမှာဖြစ်ပြီး ဆန္ဒမဲပေးခြင်းပြီးဆုံးပါက သက်ဆိုင်ရာမဲရုံများရှိ ပစ္စည်းများအားလုံး သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိစေရေး အားလုံးဝန်းဝိုင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေချို ငါးမွေးကန်၊ မြစ်ချောင်းများရှိသလို ရေငန်ဒေသနှင့်လည်း စပ်ဆက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ငါးကဏ္ဍသည် ဒေသတွင်းငါးစားသုံးမှုဖူလုံသည့်အပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဖြန့်ဖြူး တင်ပို့ပေးနေရကြောင်း၊ ယခုသင်တန်းတွင် ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)ဖြစ် သည့် ငါးစတင်မွေးမြူသည့်အဆင့်မှစ၍ စားသုံးသူထံရောက်ရှိသည့်အဆင့်ထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း ဘေးဥပါဒ်အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာမွေးမြူထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မရှိ မရှိအောင် မွေးမြူထုတ်လုပ်ခြင်းများကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ် စည်းမျဉ်းစည်းကမ်းများကို လိုက်ပါဆောင်ရွက် နိုင်ပါက GAqp အသိအမှတ်ပြုလက်မှတ်ရရှိလာမှာဖြစ်ကာ …

Read More »