ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့သည် ဝေါမြို့၊ ဧချမ်းသာယာရပ်ကွက်၊ အထက(ဧချမ်း)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့နယ်ခန်းမဆောင်အရှေ့ခြမ်း(ချမ်းမြ)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၊ အရှေ့ဘက်ခြမ်းရပ်ကွက်၊ အထက(အဝေါအရှေ့)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တို့၌ မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုနှင့် တာဝန်ရှိသူများက ဆန္ဒမဲပေးသူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲအား အချိန်ကုန်သက်သာစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website