ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့အတွင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့အလယ်ရှိ ပဲခူးမြစ် ကူးတံတား လှပတင့်တယ်စေရေးနှင့် ကမ်းပြိုမှုကာကွယ်နိုင်ရေး Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေထိန်းနံရံများအား မြစ်ရေတိုက်စားမှု ခံနိုင်စေရေး သတ်မှတ်ဒီဇိုင်းများအတိုင်းတည်ဆောက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် ပဲခူးမြစ်အား ရေစီးရေလာ ကောင်းမွန်စေရေး မြစ်ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ယခင်က မြေနိမ့်ချိုင့်ဝှမ်း ဖြစ်နေသော သမိန်ဗရမ်းလမ်းအား (၄၀)ပေ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website