Home / 2026 / January (page 2)

Monthly Archives: January 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ် မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၃           ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူငယ် များအတွက် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသအသီးသီးမှတိုင်းရင်းသား လူငယ်များအား ကိတ်မုန့်နှင့်ပေါင်မုန့်အမျိုးမျိုးအား သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော မုန့်လုပ်နည်းစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်ထိ တတ်ကျွမ်းအောင် သင်ကြားပေးသွားမှာဖြစ် ၍ သင်တန်းသား/သူများနေဖြင့် စနစ်တကျသင်ယူသွားရမှာဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိမိတို့အတွက်လည်း ဝင်ငွေရရှိသလို မိမိတို့တိုင်းရင်းသားပြည်သူများအနေ ဖြင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲသွားနိုင်မှာဖြစ်ကြောင်း၊ ကိတ်မုန့်နှင့်ပေါင်မုန့် အမျိုးမျိုးပြုလုပ်ခြင်းကို အခြေခံကနေစပြီးသင်ကြားပေးသွားမှာဖြစ်ကာ မိမိတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်နိုင်မှုစွမ်းအားကို အသုံးချပြီး ပြည်တွင်းစားသောက်ကုန်အဆင့်သာမက ပြည်ပပို့ကုန်အဆင့်ထိ ရည်မှန်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းရင်းသား သင်တန်းသား/သူများအနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၁၁           ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်တို့သည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ဈေးပိုင်းရပ်ကွက်၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ)၊ တောင်ဘက်ကမ်းရပ်ကွက်၊ အခြေခံပညာအထက် တန်းကျောင်း၊ ကမာစဲစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကဝမြို့၊ ရုံးကြီးရပ်ကွက် မဲရုံနှင့် အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအသီးသီးတို့တွင် ဒေသခံ ပြည်သူများ ဆန္ဒမဲလာရောက် မဲပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲရုံများအလိုက် MEVM မဲပေးစက်များနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက နည်းပညာအထောက်အကူပြုအဖွဲ့ များမှ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပြည် ဇန်နဝါရီ ၉           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ခေတ္တရာပန်းခြံ ဘက်စုံအဆင့်မြှင့်တင် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေး၊ Landscaping design မြေယာအလှရှုခင်း စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သည် ဧရာဝတီမြစ် River View အဆင့်မြင့် Coffee Shop များ တည်ဆောက်ထားရှိမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမ်းနားလမ်းအား ဖြတ်သန်း …

Read More »

ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၇           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေး စုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက”စုံညီပွဲတော် ဒို့နွဲပျော်” တေးသီချင်း ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကဝ ဒီဇင်ဘာ ၆           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတား တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့(၉) တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြု သွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချည်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၅              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး(၂)သီးစိုက် ဧက(၁၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပစျေးကွက်ဝင် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ဒေသနွားနှင့် ဒေသကြက် တိုးချဲ့ မွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသနွားအား မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်တင်ပေးခြင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမှ၌ …

Read More »

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲသို့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ (၇၈)နှစ်မြောက် ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။           ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအား မြန်မာသံတေးဂီတဖြင့် ဧည့်ခံ သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အမှတ်တရဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ် အလံတင် တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။           ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယနေ့ည)ကို ဇန်နဝါရီလ(၃)ရက်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်နာကြားခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိက စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။          ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)က “ဘဝစာမျက်နှာများ” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းသိ‌ကောင်းစရာ တရား‌ဒေသနာ‌တော်မြတ်ကို ဟောကြားတော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကန်းခြင်းနှင့် ဓမ္မပူဇာအလှူငွေတို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃) ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လာရောက်မဲ ပေးနိုင်ရေး၊ မဲပေးရာတွင်လည်း အချိန်ကုန်သက်သာလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်သူများအတွက် လွယ်ကူစွာမဲပေးနိုင်ရေးအတွက် တတိယအကြိမ် ထုတ်ပြန် ခဲ့သည့် မဲစာရင်းတွင်ပါရှိသည့် မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မဲရုံများအား မနက်(၆)နာရီတွင် စတင်ဖွင့်လှစ်သော်လည်း အခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ် များအား မဲရုံအတွင်း၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းအပြင် ဆန္ဒမဲရရှိမှု ရေတွက်ခြင်းအား ညမိုးချုပ်သည့် တိုင် ဆောင်ရွက်ရသဖြင့် မဲရုံတိုင်းမီးလင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် …

Read More »