Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၁၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၃)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အားကစားသမား တစ်ဦး ချင်းစီက မိတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ တိုက်ကွမ်ဒို အားကစားအသင်းသည် အစဉ်အလာကောင်းသည့် အသင်းတစ်ခုဖြစ်ပြီး နှစ်စဉ်ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်လိုက်ခြင်း အားဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းကို အနိုင်မခံ၊ အရှုံးမပေး စိတ်ဓါတ်ဖြင့် အောင်မြင်အောင် စွမ်းဆောင်ရမည့် တာဝန်ကို ပေးအပ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပဲခူးတိုင်း ဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် သတ္တိ ရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကို အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုကြောင်း၊ နည်းပြများအနေဖြင့်လည်း ပြိုင်ပွဲအလိုက် အားသာချက်/ အားနည်းချက်များကို သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယှဉ်ပြိုင်ရမည့် အားကစားနည်းများအလိုက် သက်ဆိုင်ရာဝန်ကြီးများကို အားကစားနည်းအလိုက် တာဝန်များခွဲဝေပေးထားပြီးဖြစ်၍ အားကစားနည်းအလိုက် လူရွေးပွဲများ၊ ပြိုင်ပွဲများကို ဆောင်ရွက်၍ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရမှာဖြစ်ကြောင်းနှင့် အားကစားနည်း အလိုက် ထူးချွန်စွာဆုရရှိခဲ့သူများအား ထိုက်ထိုက်တန်တန် ထပ်မံချီးမြှင့်ပေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်း  လူရွေးချယ်ခဲ့မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား ပေးအပ်ခဲ့ရာ အသင်းအုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)ဦးဖြင့် နေပြည်တော်တွင် ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။