ပဲခူး နိုဝင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၆) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး ခြင်း၊ စိုက်ပျိုးရေကြိုတင်သိုလှောင်ခြင်း၊ သွင်းအားစုများလိုအပ်ချက်များနှင့် စက်သုံးဆီ လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို သီးနှံအထွက်နှုန်းများ တိကျမှုရှိစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး အထူးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံများအား ယခင်နှစ်ကာလတူထက် စိုက်ဧက လျော့နည်းစိုက်ပျိုးမှု မဖြစ်ပေါ်စေရေး မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မွေးမြူရေး ကဏ္ဍနှင့်ပတ်သက်၍ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website