Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ကြို့ပင်ကောက် ဇွန် ၁၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး ဥပဒေချုပ်တို့က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြ ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင် အများပြည်သူ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးဖြစ်စေဖို့အတွက် အရည်အချင်းပြည့်မီ သော တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ လုံလောက်စွာ ခန့်အပ်တာဝန်ပေးအပ်နိုင်ဖို့ လိုအပ် သလို တစ်ဘက်မှာလည်း ကျယ်ဝန်းပြီး ဥပဓိရုပ်ကောင်းမွန်သည့် တရားရုံအဆောက်အဦများကို တည်ဆောက် နိုင်ဖို့လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာပြီး တာဝန် ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများ အနေဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစရေန်အတွက် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း၊ တရားရုံးများ၏ ဝန်ဆောင်မှုများကို ပြည်သူများလက်လှမ်းမီစေရန်၊ ပြည်သူ များအတွက် ပြည့်စုံလုံလောက်မှု၊ စိတ်ချရမှုတို့ကို ရရှိခံစားနိုင်စေရေန်၊ တရားရုံးအင်္ဂါရပ်နှင့်အညီ မွမ်းမံ ပြုပြင်ခြင်း၊ တရားရုံးအထောက်အပံ့ပစ္စည်းများကို ခေတ်မီအောင်ဆောင်ရွက်ပေးများကိုလည်း ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပန်းတောင်းမြို့တွင်လည်း ခေတ်မီခန့်ညားသည့် မြို့နယ် တရားရုံးအား ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခုအခါ ကြို့ပင်ကောက်မြို့နယ်တရားရုံး အဆောက် အဦသစ်အား ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်၍ ရေရှည်တည်တံ့ခိုင်မဲရေး စဉ်ဆက်မပြတ် ထိန်းသမ်းပြုပြင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကြို့ပင်ကောက်မြို့နယ်တရားရုံး အဆောက်အဦအသစ် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူးကလည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Winner Land Production Co., Ltd မန်နေးဂျင်းဒါရိုက်တာကလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တရားရုံးအဆောက်အဦအသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ် တရားရေးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခဲပြီး တရားရုံးသစ်အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။