ပဲခူး ဒီဇင်ဘာ ၂၄

ပဲခူးမြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဒီဇင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သံချည်သံကွေးအဆင့်(၁)နှင့် ကျောက်ပုံးရိုက်အဆင့်(၁)သင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံသော အဆောက်အဦ များ ဆောက်လုပ်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိပြီး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျော့ချနိုင်သည့် အဆောက်အဦများ ဆောက်လုပ်တတ်စေရန် ရည်ရွယ်ဖွင့်ပေးခဲ့တာဖြစ်ကြောင်း၊ ယနေ့ အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေဖို့ ဘက်စုံ၊ ကဏ္ဍ စုံမှာ ပြုပြင်ပြောင်းလဲလုပ်ငန်းများကို အရှိန်အဟုန်ကြီးကြီးမားမားနဲ့ ဆောင်ရွက်နေသလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကဏ္ဍအလိုက်ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်ရလုပ်သားများရှိမှသာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လုပ်သားများနှင့်ယှဉ်ပြိုင်ပြီး အလုပ် အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်သဖြင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်၍ ကျွမ်းကျင်လုပ်သား များကို မွေးထုတ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချပေးလိုက်တဲ့ စာတွေ့/လက်တွေ့ အတွေ့အကြုံဗဟုသုတများကို လုပ်ငန်းခွင်အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအား မျှဝေးပေးရင်း ကြံ့ခိုင်ကောင်းမွန်ဘေးကင်းလုံခြုံသော အဆောက်အဦများဖြစ်အောင် ဆောက်လုပ်သွားကြ စေလိုကြောင်းနှင့် မိမိတို့၏ သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များကိုအရင်းပြုပြီး တည်ဆောက်ရေး လုပ်ငန်းများဖြင့် ရပ်ရွာဒေသ၏အကျိုး၊ တိုင်းဒေသကြီး၏အကျိုးကို သယ်ပိုးထမ်းရွက်သွားကြစေလို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောက်ပုံးရိုက်သင်တန်းသားများနှင့် သံချည်သံကွေး သင်တန်းသားများ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအတွက် အမှတ်တရလက်ဆောင် များပေးအပ်ခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ် က သံချည်သံကွေးအဆင့်(၁)နှင့် ကျောက်ပုံးရိုက် အဆင့်(၁)သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပေးခဲ့သည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်း၌ လက်တွေ့သင်ကြားပေးခဲ့သည့် ဆောက်လုပ်ရေးဆိုင်ရာ ကျောက်ပုံးရိုက်ခြင်းနှင့် သံချည်သံကွေးနမူနာများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မွန်စံပြရပ်ကွက်သို့ သွားရောက်၍ ရပ်ကွက်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်သာယာရေကန်အား ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ရောက် ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် နတ်တလင်းထမင်းသုတ်၊ ရွှေတောင် ခေါက်ဆွဲ၊ တောင်ငူတို့ဟူးသုတ်နှင့် ဟင်းထုပ်တို့အား ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ လက်ရည် တစ်ပြင်တည်း နေ့လည်စာ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website