ရွှေတောင် အောက်တိုဘာ ၁၀ ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသောဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသည့် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်သည် ရေဘေးသင့် ပြည်သူများကို တိုက်ရိုက်အကျိုးပြုသော အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့၍ ရေဘေး သင့်ခဲ့သည့် ရွှေတောင်မြို့နယ်မှ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၁)စုရှိ အိမ်ထောင်စု(၁၀၅၈)၊ လူဦးရေ(၃၅၂၂)ဦးအတွက် ဆန်အိတ်ပေါင်း(၃၂၁)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက် …
Read More »Bago Manager ZWL
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
ရွှေတောင် အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု ၌ တောင်သူ ဦးစိုးအောင်၏ ဗီယက်နမ်မျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီး စိုက်ပျိုးနေရာမှ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်(၃)သီးစိုက်ပျိုးရန် လိုအပ်သည့် စိုက်ပျိုးရေရှိ ရေး၊ နွေနှမ်းအား ဘောင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုတင်း(၁၆၃)တင်း ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ပြည် အောက်တိုဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တောင်သူ ဦးနေအောင်၏ ဗီယက်နမ်မျိုး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၆၉.၆၂)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ရေသွင်းစိုက်ပျိုး သည့် လယ်မြေများအတွက် ရေပေးမြောင်းများ ပြန်လည် အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။ ၎င်းနောက် မှော်ဇာကျေးရွာရှိ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု
သာယာဝတီ အောက်တိုဘာ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌ တောင်သူ ဦးကျော်စိုး၏ တစ်ကွင်းတစ်ဆက်တည်း ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်မိုး (၂)သီး ဗီယက်နမ်မျိုး မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်မိုး(၂) စိုက်ပျိုးသည့် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး တောင်အသိပညာပေး စံပြစိုက်ခင်းများ ထူထောင်သွားရန်နှင့် မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ဆောင်းသီးနှံတွင် အထွက်နှုန်းကောင်း ပဲမျိုး ရွေးချယ်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲသတ်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် တတိယအကြိမ်မြောက် ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရာသီဥတုအညွှန်းကိန်း အခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေး အပ်ပွဲ အခမ်းအနာသို့ တက်ရောက်ချီးမြှင့်
သာယာဝတီ အောက်တိုဘာ ၇ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင် အတွင်း ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လတွင် ရွာသွန်းမြဲထက် မိုးရေချိန်လက်မ (၂၀.၀၇)လက်မ ပိုမိုရွာသွန်းခဲ့၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ရကြောင်း၊ သာယာဝတီခရိုင်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွက် စိုက်ပျိုးစရိတ်ထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထားရှိသည့် တောင်သူဦးရေ(၁၉၅၈၆) ဦး၊ ဧကပေါင်း(၁၃၄၀၁၇)အတွက် လျော်ကြေးငွေကျပ် (၄.၀၂၀)ဘီလီယံ ပေးအပ်သွားမှာဖြစ်ပြီး ရေကြီး နစ်မြှုပ်ဧကများအတွက်လည်း ထပ်မံထုတ်ပေးရမှာဖြစ်၍ အာမခံထားရှိသည့် ရေကြီးနစ်မြှုပ်ဧကများ တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ အမြန်ဆုံး မှန်ကန်သောစာရင်းဇယားများ ကောက်ခံရရှိရေး ဆောင်ရွက်စေလို ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး
ပဲခူး အောက်တိုဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့ ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါး ကောင်ရေ(၅)သောင်း၊ ငါးခုံးမငါးကောင်ရေ(၁)သိန်း၊ ငါးဖားမကောင်ရေ(၁)သိန်း ငါးရံ့ငါးကောင်ရေ(၅) သောင်း၊ ငါးကျည်းငါးကောင်ရေ(၅)သောင်း စုစုပေါင်း ငါးကောင်ရေ(၃.၅)သိန်း ငါးမျိုးစိုက်ထည့်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာ များနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ငါးဖြာဂုဏ်အင် ကျေးဇူးရှင်”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမရရှိသူ(၂)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်မှာဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးကို ဦးစားပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းအပြင် တာများ၏ သတ်မှတ်အမြင့်ပေ ရှိ/မရှိ ကွင်းဆင်းစိစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ များ ပြန်လည်ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြိီဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် စာရင်းဇယား များ ကောက်ခံရာတွင် အောက်ခြေကွင်းဆင်း၍ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်း အနားအား စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုစိုးသက်တို့ တက်ရောက်ဂါရဝပြုကန်တော့ခဲ့ကြ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များ နေ့အတွက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့က အခမ်းအနားသို့တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များ နေ့ အခမ်းအနား၌ …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့် (၆၀)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတာဝန်များကို …
Read More »