Home / Bago Manager ZWL (page 12)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၂ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၆/၄)ရှိ ကြယ်နီသုံးလုံးရာဘာစက်ရုံ၌ ကျင်းပပြုလုပ်သည့် “Robusta” ကော်ဖီမျိုးစေ့ပေးအပ် ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်း ပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကော်ဖီသီးနှံသည် ကမ္ဘာ့ဈေးကွက်ရရှိနေသော သီးနှံဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင်ဖြစ်၍ နိုင်ငံမှ ကော်ဖီစိုက်ပျိုး နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများရှိသလို ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့်ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် “Robusta” မြေနိမ့်ကော်ဖီမျိုးများလည်းရှိကြောင်း၊ သစ်တောအစုအဖွဲ့ လုပ်ငန်းရှင်များ၊ နှစ်ရည်သီးနှံပင် စိုက်ပျိုးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေရရှိသလို “Robusta” ကော်ဖီကို သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် (၂)သီးပေါ်မှ ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုဖြန့်ဖြူးပေးမည့် “Robusta” ကော်ဖီမျိုးသည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၁ ==============             ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက်ရောက်လာကြသူများက အလေးပြုကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။           ယင်းနောက် ညောင်အင်းကျေးရွာ ဒုံးအဖွဲ့က “စည်းလုံးချင်းသည်အင်အား” သီးချင်းဖြင့်လည်းကောင်း၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “နှစ်ဦးပန်းများမွှေးပါစေ”သီချင်း၊ “လေလေ”ဒုံးအကဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံစိုက်ရာသီဖြစ်သော်လည်း လာမည့်နွေစပါးနှင့် မိုးစပါးအတွက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး စိုက်နည်းစနစ်များ အသိပညာ ပေးခြင်း၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရ မည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးမြေများအား မြေလပ်မရှိ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ ပြည်ပမှတင်သွင်းရသည့် သွင်းအားစုများနှင့်ပတ်သက်၍ လျော့ချသုံးစွဲနိုင်ရေး အတွက် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်  မြေဆီလွှာစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံစိုက်ရာသီအတွင်း နွေစပါးနှင့် …

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ကောလိပ်နှင့် သင်တန်းကျောင်းရှိ အဆောင်နေကျောင်းသား/သူများအား အခြေခံစားသုံးကုန်များ အပတ်စဉ် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ပဲခူး ဇန်နဝါရီ ၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတက္ကသိုလ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား/ သူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်နှင့် သားဖွားသင်တန်း ကျောင်းများသို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်နေ ကျောင်းသား/သူများ၊ သင်တန်းသူ များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အပတ်စဉ်ရောင်းချပေးခြင်းဖြစ်၍ ဆန်၊ ဆီ၊ အသား/ငါး/ဥများ၊ ဟင်းသီးဟင်းရွက်များအပြင် အသင့်စား စားသုံးကုန်များနှင့် ဒေသထွက် အသားမျိုးစုံ ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် ဈေးလာရောက်ဝယ်ယူသည့် ဆရာ/ဆရာမများ၊ …

Read More »

အသိပေးကြေငြာခြင်း

သာယာဝတီ ဇန်နဝါရီ ၉ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံဖတ်ရှုရန်———————

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

သာယာဝတီ ဇန်နဝါရီ ၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၄၉)၊ ဦးပိုင်မှတ်(၃)၊ မြေဧရိယာ(၁၄)ဧကတွင် တောင်သူ ဦးမြင့်ထွေးမှ စပါးတစ်မျိုးတည်း တစ်နှစ်(၄)သီးအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး တစ်နှစ်(၄)သီး စိုက်ပျိုးခြင်းမှ ပဲတစ်မျိုးအား (၁)သီး ထည့်သွင်းစိုက်ပျိုးပါက မြေဆီမြေနှစ် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး အထွက်နှုန်းများ တိုးတက်နိုင်မှာဖြစ်ကြောင်း၊ ရိတ်သိမ်းရန် တစ်လခန့်အလိုတွင် ကြိုတင်ပျိုးထောင်ခြင်းအားဖြင့် စိုက်ပျိုးချိန်တိုတောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်ဖြင့်၍ ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်း ချိန် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် ဇန်နဝါရီ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ ကမ်းနားလမ်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားလမ်းတစ် လျောက် ကျူးကျော်နေထိုင်မှုများမရှိစေရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်၊ မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်မှုရှိစေ ရေး၊ ရေတိုက်စားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ မြို့မဈေးသို့ ရောက်ရှိခဲ့ပြီး ဈေးရုံ အဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နေမှုနှင့် ဈေးရုံကြီးများအကြား ပေါင်းကူးခေါင်မိုး ပြုလုပ်နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပြည် ဒီဇင်ဘာ ၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၄)ရက်နေ့၊ မွန်းလွှဲပိုင်း က ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး မြေကွက်နေရာမဲနှိုက်ချထားပေးခဲ့မှုအခြေအနေများ၊ လမ်းဖောက်လုပ် ထားရှိမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး အမှန်တကယ် မွေးမြူသူများအား ခွင့်ပြုထားပေးရန်၊ ခြံလှောင်မွေးမြူရမည့် စနစ်ဖြစ်၍ တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်စိုက်ပျိုးရန်၊ သာဘာဝမြေဩဇာ စက်ရုံလာရောက်တည်ဆောက်မည်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ အတွက် စျေးကွက်တစ်ခု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်န်နှင့်ပတ်သက်သည့် …

Read More »

ပဲခူးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မ ဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃ ============           ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများအတွက် ချေးငွေစိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်းပြည်တွင်းသုံးကုန်နှင့် အခြေခံကျသော စက်မှု/လက်မှုလုပ်ငန်းသည် MSMEs လုပ်ငန်းများ ဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်းများဖြစ်ကာ ရေရှည်ရပ်တည်နိုင်ရေးနှင့်  ခေတ်မီကုန်ထုတ်လုပ်ငန်း များဖြစ်စေရေး နိုင်ငံတော်မှ အတိုးနည်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက် သည့် (MSMEs)လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်သွားရမှာဖြစ်ကြောင်း နှင့် လျှပ်စစ်မီးခက်ခဲသည့် ဒေသများရှိ စီးပွားရေးလုပ်ငန်းများအတွက် Gasifier များ တပ်ဆင်အသုံးပြုနိုင် ရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား …

Read More »