Home / Bago Manager ZWL (page 11)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃၀ ==========     တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစား ကွင်း၌ ဇန်နဝါရီလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များက ပဲခူးခရိုင်အသင်း နှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြရာ နတ်တလင်းခရိုင်အသင်းက (၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။      ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် …

Read More »

ပဲခူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စုများတွက် ငွေသားနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၇ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စု များတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေသားနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားသို့ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံ အတွင်း လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့် အညီ  ကြက်ခြေနီဥပဒေဖြင့် ဖွဲ့စည်းထားသော အသင်းကြီးတစ်ခုဖြစ်ပြီး ဘေးတုံ့ပြန်ရေးနှင့် ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများကို အမြဲတက်ကြွစွာ လူထုကို ဦးဆောင်ကူညီပေးနေသည့်အတွက် ဦးစွာဂုဏ်ပြုစကားပြော ကြားလိုကြောင်း၊ ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုအန္တရာယ်သည် နှစ်ပေါင်း(၈၀)ကျော်အတွင်း အကြီးမားဆုံးရေကြီးရေလျှံမှုတစ်ခုဖြစ်ခဲ့ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ရေးလုပ်ငန်းများကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အမြန်ဆုံးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ချမှတ်ပေး ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အတူပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိလာသည့် MSMEs ထွက်ကုန်များသည် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အဓိကထား အသုံးပြုရန်နှင့် အရည်အသွေးနှင့်ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရမှာဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ …

Read More »

ပဲခူးမြို့၌ (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅ ========= ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်း ဓမ္မာရုံတော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။        ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ဒိုက်ဦး ဇန်နဝါရီ ၂၃ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ CPP Myat Min Agro Co., Ltd ၏ အစေ့ထုတ်ပြောင်း (၆၀၀)ဧကစိုက်ပျိုးထားရှိမှုနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့သန့်စင်စက် လည်ပတ်နေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် မြေများအား စိုက်ပျိုးမြေအဖြစ် အမြန်ဆုံးဖော်ထုတ် စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများ စီးပွားဖြစ်အစေ့ထုတ်ပြောင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင် ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၄-ခ)၊ မြေဧရိယာ(၁၃၅.၁၁)ဧကအား တိုင်းဒေသကြီးအစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၃၂.၂၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်မီပြီးစီးနိုင်ရေး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၂၂ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံ ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။           အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြို့နယ်(၂၈)မြို့နယ်တွင် လစဉ်ပင်စင်လစာထုတ်ရက်တိုင်း ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်ပေးခြင်း၊ ဆီးချို/သွေးချို အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် …

Read More »

ပဲခူးမြို့၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချအလှူတော်မင်္ဂလာ  အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၁ ==================           ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားအား ဇန်နဝါရီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ သပြေကုန်းဘိုးဘွား ရိပ်သာမှ အဘိုး ဦးတင်မောင်မြင့်၊ အဘွား ဒေါ်ဌေးဌေးမြင့်တို့က ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဇဗ္ဗူရတနာ ဓမ္မာရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြသည်။           ထို့နောက် ဇဗ္ဗူရတနာ ဓမ္မာရုံအား ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက မဟာကလျာဏီသိမ်တော်ကြီးစာသင်တိုက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇန်နဝါရီ ၂၀ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်းဆေးကုသ မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး သို့သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး သွားလာရခက်ခဲသော ကျေးရွာများမှ ဒေသခံပြည်သူများလည်း ကျန်းမာရေး စောင့်ရှောက်မှုလာရောက်ခံယူနိုင်ရေး လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီများ နှင့်ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်၊ အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ဆီ၊ အသား/ဥများအား ဈေးနှုန်းသက်သာစွာဖြင့် တစ်ပါတည်းရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သောဆေးဝါးများ ဖြည့်တင်း နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ မြို့နယ်အလိုက် အခြေခံ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၁၉ ==============           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်း က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်း နှင့် ကျန်းမာရေးအသိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါ” ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများ အသိပေးရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်ကို အများပြည်သူသိရှိနားလည်သဘော ပေါက်ပြီး သောက်သုံးခြင်းမှ ရှောင်ကြဉ်နိုင်စေရန် ၂၀၁၆ ခုနှစ်မှစ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် တတိယမြောက်အမိန့်စာထုတ်ပြန်ကျင့်သုံးသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် …

Read More »

ပဲခူးမြို့၌ ကရာတေးအခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီလ ၁၈ =========== ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၈) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးရန်၊ ဘဝလုံခြုံရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို ပိုမိုမြတ်နိုးတန်ဖိုးထားစေရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုး သမီးများ အကြမ်းဖက်မှု/ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ကိုယ်လုံပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်ကြားပေးလိုက်သည့် ကိုယ်လုံပညာရပ် များကို အမြဲမပြတ် လေ့လာဆည်းပူးကြစေလိုကြောင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သော …

Read More »