Home / Bago Manager ZWL (page 48)

Bago Manager ZWL

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်

ပဲခူး ဒီဇင်ဘာ ၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင် မှထွက်ရှိသောပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူ များ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဒေသထွက်ကုန် များအပေါ်အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်း ရရှိအောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၆ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအတွင်း HIV/AIDS ဆိုင်ရာ ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ပြီး HIV ပိုးရှိသူများ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ HIV ပိုးရှိလူနာများအား ပြုစုကုသစောင့်ရှောက်ခြင်းအား ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျခိုင်မာသော သတင်းအချက်အလက်များ …

Read More »

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဒီဇင်ဘာ ၅ ================           ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများ အကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး        တို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ကိုယ်စားလှယ်မှ Recorded Video ဖြင့် အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇေယျာထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က မဲခေါင်-လန်ချန်းနိုင်ငံ များအကြား …

Read More »

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၄ =====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားချီးမြှင့်ခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာ Video Clip နှင့် မသန်စွမ်းမှုအသိပညာပေး Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။           ထို့နောက် မသန်စွမ်းကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က …

Read More »

ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၃ =========================           ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(ပထမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ ကျောက်တွင်းကုန်းမီးပွိုင့်၊ ရှင်စောပု လမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်းနှင့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအထိ စုပေါင်းလမ်း လျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။           အဆိုပါ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ ၁၅၀၀၀ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆိုလာရေတင်စက်(၃)စုံအား ထောက်ပံ့ပေးအပ်

တောင်ငူ ဒီဇင်ဘာ ၂ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ နေပူကုန်းရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉.၆၉၃)သန်းဖြင့် အရှည်(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေရှိ နေပူကုန်းလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပခုံးသားများ အမာခံရရှိရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အရည်အသွေးကြီးကြပ်စစ်ဆေးရေးအဖွဲ့ (QC) များဖြင့် စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပူကုန်းရပ်ကွက်ရှိ တောင်ကြီးမောင် အဆင့်မြင့်မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ချမ်းသာသုခ သီဟိုစေ့ပေါင်းခံထုတ်လုပ်သည့် စက်ရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ၊ စက်ရုံတာဝန်ရှိသူများက ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှု၊ အရွယ်အစားရွေးချယ်မှု၊ အခြောက်ခံပေါင်းခံမှုနှင့် ထုတ်ပိုးမှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြ ခဲ့ရာ …

Read More »

တောင်ငူမြို့၌ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့

တောင်ငူ ဒီဇင်ဘာ ၁ ====================           တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ပူးပေါင်း၍ MSMEs Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲအား နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ ခပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော …

Read More »

အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၉ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်သွားမည်ဟု ထုတ်ပြန်ထား သည့်အတွက် အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းစဉ်များသည် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် …

Read More »

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၉ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြု လုပ်ရာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် တင်ဒါပိုလျှံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် အချိန်ကာလသတ်မှတ်ချက်များ ရှိသဖြင့် အမှန်တကယ်ပြီးစီးနိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများ၊ ဧရိယာများတွင် ကျူးကျော်မှုများ မရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခွန်လွတ်သာသနာ့နယ်မြေများအတွင်း စီးပွားရေးဆိုင်ရာ လူနေ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးသည့် တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက် ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ သမဝါယမဦးစီးဌာနမှလည်း …

Read More »